
ပိဋကသုံးပုံနှုတ်ငုံဆောင်ထားသည့် “တိပိဋကဓရ တိပိဋက ကောဝိဒ တိပိဋကဓမ္မဘဏ္ဍာဂါရိက သုတဗုဒ္ဓ”ဆရာတော် ၉ပါးတို့၏ “သုတဗုဒ္ဓ”အထူးတရားပွဲကို စက်တင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ ညစဉ် ၇း၃၀ တွင်ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ်၊တံတားလေးလမ်းဝ ရှိ ဇမ္ဗူသီရိဗိမာန်တော် ၌ကျင်းပမည်ဖြစ်သည်။တစ်ခါမှ မဆုံဆည်းဖူးသော ဆရာတော် ၉ပါးတို့၏ အထူးတရားပွဲဖြစ်ပြီး မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် “သုတဗုဒ္ဓဘုရားတစ်ဆူ”အဖြစ်မိန့်မှာတော်မူခဲ့သည့်အပြင်ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင် တို့နှလုံးအိမ်၌ကိန်းဝယ်စံပယ်သဖြင့် ဓမ္မစေတီလည်းထိုက်တော်မှုသော ဆရာတော်များက ဟောကြားမည်ဖြစ်သည်။
၁၅ ရက်နေ့တွင် ယောဆရာတော်၊
၁၆ ရက်နေ့တွင်ရေစကြိုဆရာတော်၊
၁၇ ရက်နေ့ တွင် မော်ကျွန်းဆရာတော်၊
၁၈ ရက်နေ့ တွင် မြင်းမှုဆရာတော်၊
၁၉ ရက်နေ့တွင် မြင်းခြံဆရာတော် ၊
၂၀ ရက်နေ့ တွင် ဘုတလင်ဆရာတော် ၊
၂၁ ရက်နေ့တွင် ရမ္မာဝတီဆရာတော်၊
၂၂ ရက်နေ့တွင်စစ်ကိုင်းဆရာတော်၊
၂၃ ရက်နေ့တွင် စွန်းလွန်းဆရာတော်
တို့က ရဟန်း ၊ရှင်လူ၊ဓမ္မမိတ်ဆွေများကို ဓမ္မအသိဥာဏ်ရရှိစေရန် တရားရေအေးတိုက်ကျွေးမည်ဖြစ်သည်။
တရားပွဲကျင်းပမည့်နေရာ ။ ။ မရမ်းကုန်းမြို့နယ်၊တံတားလေးလမ်းဝ ရှိ ဇမ္ဗူသီရိဗိမာန်တော် ရန်ကုန်မြို့ ။
တရားပွဲကျင်းပမည်အချိန် ။ ။ ညချမ်း ( ရး ၃၀ ) နာရီ။
သုတဗုဒ္ဓ အထူးတရားပွဲ ကိုလာရောက်တရားနာလိုသူများကို ကားအကြို အပို့ ပြုလုပ်ပေးနေပါသည်။
ကားများကို ပန်းဘဲတန်းမြို့နယ် ၃၁ လမ်း ရသာမုန့်တိုက်ရှေ ၊
ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့် ကြာသပတေး အသင်း ရှေ တွင်
ညနေ ၆ နာရီ မှ ၆ နာရီ ၃၀ မိနစ် ထိ တရားပွဲ ရက်များ အတွင်း
စီစဉ် ဆောင်ရွက်ပေးထားကြောင်းသိရပါသည်။ကြွရောက်တရားနာယူကြရန်
နိဗ္ဗာန် ကို အကျိုးမျော်ကို၍တိုက်တွန်းနှိုးဆော်လိုက်၇ပါသည်ပါရမီရှင်သူတော်ကောင်းအပေါင်းတို့။
သူတော်ကောင်းတရားနေရာတိုင်းထွန်းတောက်ပါစေ။