ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ၊ အောက်ဝါးနက်ချောင်းကျေးရွာ ဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒရာမကျောင်းတိုက်ကြီး၌ကျောင်းသား ကျောင်းသူများအတွက်
ယဉ်ကျေးလိမ္မာတရားစခန်းကိုဖွင့်မည်ဖြစ်ရာ
-Grade 10 ကျောင်းသားကျောင်းသူများအတွက် ဒီဇင်ဘာ၂၁ ရက် မှ ၂၃ ရက်အထိ၊
-တက္ကသိုလ် ကောလိပ်တက်ရောက်နေသူများအတွက် ဒီဇင်ဘာ၂၄ ရက် မှ ၂၆ ရက်အထိ၊
-Grade 8.9 ကျောင်းသားကျောင်းသူများအတွက် ဒီဇင်ဘာ၂ရ ရက် မှ ၂၉ ရက်အထိ၊
-Grade 6.7 ကျောင်းသားကျောင်းသူများအတွက် ဒီဇင်ဘာ၃၀ ရက် မှ ၂၀၁၁ ခုနှစ်
ဇန္န၀ါရီလ ၁ ရက်အထိ၊
-Grade 4.5 ကျောင်းသားကျောင်းသူများအတွက် ဇန္န၀ါရီလ ၂ ရက် မှ ၄ ရက်အထိ
ဖွင့်လှစ်မည်ဖြစ်ပြီး တရားစခန်းသို့ မွန်းလွဲ ၁နာရီအရောက်လာကြရမည်ဖြစ်သည်။
တရားစခန်းသို့ဝင်ရောက်လိုသူများသည် ဖော်ပြပါ email လိပ်စာများသို့
မိမိ၏ ပညာအရည်အချင်း ၊ အမည် ၊ မိဘအမည် ၊ နေရပ်လိပ်စာ နှင့် email လိပ်စာတို့ကို
အင်္ဂလိပ်လိုရေးသားပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။
-Grade 10 ကျောင်းသားကျောင်းသူများအတွက် dmdtgrade10@gmail.com
-တက္ကသိုလ် ကောလိပ်တက်ရောက်နေသူများအတွက် dmdtuni@gmail.com
-Grade 8.9 ကျောင်းသားကျောင်းသူများအတွက် dmdtgrade89@gmail.com
-Grade 6.7 ကျောင်းသားကျောင်းသူများအတွက် dmdtgrade67@gmail.com
-Grade 4.5 ကျောင်းသားကျောင်းသူများအတွက် dmdtgrade45@gmail.com
လက်ခံနိုင်သည့်အရေအတွက်ထက် ပိုမိုနေပါက ကွန်ပြူတာမဲစံနစ်ဖြင့်ရွေးချယ်လက်ခံပါမည်။
ဝင်ခွင့်ရသူများစာရင်းကို တရားစခန်းဝင်ရောက်ရမည့် ရက်မတိုင်မီ အကြောင်းပြန်ကြားပါမည်။
ဝင်ခွင့်ရသူများသည် ပတ်စ်ပို့ဓါတ်ပုံ ( ၂ ) ပုံနှင့်ကျောင်းသားကတ် ( သို့ ) မှတ်ပုံတင်မိတ္တူ
( ၁ ) စောင်စီယူဆောင်လာကြရန်ဖြစ်သည်။
စိတ်ချမ်းသာကြပါစေ။
မိမိကိုယ်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ကြပါစေ။
Ultimate Gateway to Myanmar Vippassana Dhamma Talks, Dhamma MP3, Dhamma
Ebooks, Dhamma Videos
-
(မဟာသုတကာရီ မဃဒေ၀ လင်္ကာသစ် ဆဌမပိုင်း၂၊ နိမိရာစစရိယခန်းအပိုဒ် ၅၀၇၊ စာမျက်နှာ
၄၀၆နှင့် ဓမ္မပဒတွင်ပါရှိသည့် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ အလုံးစုံသောဒါနတို့တွင်
ဓမ...
6 years ago
No comments:
Post a Comment
မင်္ဂလာပါ...ဓမ္မပူဇာ မိသားစု မှ ကြိုဆိုပါတယ်...