ဥပုသ်နေ့များနှိုးဆော်ချက်

http://sphotos-a.xx.fbcdn.net/hphotos-prn1/545897_144341149043503_1624030399_n.jpg

Saturday, March 24, 2012

နွေရာသီယဉ်ကျေးလိမ္မာတရားစခန်းဖွင့်မည်


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ၊ ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်ကြီး၌ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသော ကျောင်းသားကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာ တရားစခန်းကို ဧပြီ ၆ရက်မှ ၈ရက်အထိ ဖွင့်လှစ်မည် ဖြစ်ပါသည်။
တရားစခန်းသို့ ၀င်ရောက်လိုသူများသည် မတ် ၂၃ မှ ၂၈ အထိ dmdtgrade11@gmail.com သို့  အမည်၊ ပညာအရည်အချင်း၊ ကျောင်းအမည်၊ မိဘအမည်၊ နေရပ်လိပ်စာ၊ email လိပ်စာတို့ကို အင်္ဂလိပ်လို ရေးသားပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။
စာရင်းသွင်းပြီးသူများသည် တစ်လက်မပတ်လည် ဓါတ်ပုံ နှစ်ပုံနှင့် ကျောင်းသားကတ်မိတ္တူ (သို့မဟုတ်) မှတ်ပုံတင်မိတ္တူ နှင့်တကွ SENT MAIL ကို Print ထုတ်ယူဆောင်လာ၍ တရားစခန်းသို့ မွန်းလွဲ ၂ နာရီအရောက် လာရောက်ကြရမည် ဖြစ်ပါသည်။
*အချက်အလက်မပြည့်စုံ မမှန်ကန်သည်များကို စာရင်းလက်ခံပေးမည် မဟုတ်ပါ။

No comments:

Post a Comment

မင်္ဂလာပါ...ဓမ္မပူဇာ မိသားစု မှ ကြိုဆိုပါတယ်...