ဥပုသ်နေ့များနှိုးဆော်ချက်

http://sphotos-a.xx.fbcdn.net/hphotos-prn1/545897_144341149043503_1624030399_n.jpg

Saturday, March 24, 2012

အဌဟောကိန်း ၊ စံဇာဏီဘို ၂၂-၃-၂ဝ၁၂ မှ ၂၈-၃-၂ဝ၁၂ အတွင်း

တနင်္လာ
လပြည့်ကျော်သည်နှင့် တစ်ပြိုင်နက် ထူးထူးခြားခြား တိုးတက်မှုရရှိမည်။ ၅၂၈၊ ၁၅ဝဝ မေတ္တာနှစ်မျိုးစလုံး အကျိုးပေးမည်။ ဘာသာရေး၊ လူမှုရေး ကိစ္စများတွင် ပါဝင်ဆောင်ရွက်ရမည်။ စန်းပွင့်မည်။ လုပ်ငန်းလုပ်သူ များ တိုးတက်မည်။ အလုပ်သစ်၊ အခွင့်အရေးသစ်များ ပေါ်မည်။ ပေါ်လာသည့်အခွင့်အလမ်းသည် မိမိနှင့် လိုက် ဖက်ညီ၍ အကျိုးရှိမည်။ ရဲရဲ ရှေ့တိုးဆောင်ရွက်ပါ။ အရာရာ သတိနှင့် ဆောင်ရွက်ပါ။
ယတြာ ။ ။ မွေးနေ့တွင် ဆီးညွန့်သုံးညွန့် ဘုရားလှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ
ဦးတည်ချက်ပြောင်းပြီးလုပ်ပါ။ ပေါ့ပေါ့ဆဆမလုပ်ရ။ တွေဝေ ဒွိဟဖြစ်နေခြင်းထက် တစ်ခုခုအား ပြတ်ပြတ် သားသား ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပြီးလုပ်ပါ။ ရောင်းမှား ဝယ်မှားဖြစ်တတ်သည်။ စီးပွားသစ်ဆောင်ရွက်မှု အကျိုး ပေးမည်။ ယာဉ်ကားမောင်းနှင်မှုတွင် သတိရှိပါ။ ပေါ် လာသည့်အကြံသစ်များကို အချိန်မဆွဲဘဲ ဖြေရှင်းပါ။ လုပ်ကိုင်သမျှအကျိုးရှိမည်။ ပညာရေးကံကောင်းသည်။
ယတြာ ။ ။ မွေးနေ့တွင် ရွက်လှငါးညွန့် ဘုရားလှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး
လမ်းသစ်ပွင့်မည်။ အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ တွေဝေဒွိဟဖြစ်စရာများကြုံမည်။ ဆုံးဖြတ်ရခက်သော အခွင့်အရေးမျိုး တစ်ခုထက်ပို၍ ပေါ်ပေါက်မည်။ အသေးစားထိရှမှု ဂရုစိုက်ပါ။ စာရွက် စာတမ်း၊ ငွေရေးကြေးရေးကိစ္စများတွင် ကြားဝင်တာဝန် ယူအာမခံခြင်းများ တတ်အားသမျှရှောင်ပါ။ မူလစိတ် ကူးထားသည်နှင့်မတူသော ဦးတည်ချက်လမ်းကြောင်း ပြောင်းလဲမှုကြုံမည်။
ယတြာ ။ ။ မွေးနေ့တွင် မုန့်ဖက်ထုပ် ဒါနပြုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု
အထူးသတိရှိရမည်။ ပြဿနာများ အခက်အခဲများ ပေါ် ပေါက်ဖြေရှင်းရမည်။ သူတစ်ပါးအပေါ် ယုံစား၍မရ။ မူလကြိုတင်တွက်ဆထားသည်က တစ်မျိုး။ လက်တွေ့ ဖြေရှင်းရသည်ကတစ်မျိုး ဖြစ်တတ်သည်။ စကား အပြောအဆိုဆင်ခြင်ပါ။ ကိုယ်မလုပ်သည့် အလုပ်လုပ် သယောင် ရှုပ်ရှုပ်ထွေးထွေးဖြစ်တတ်သည်။ သိမ်ဖျင်း သော စကားပြောသူများ၊ အလုပ်မရှိ လည်ပတ်နေသူ များ နေအိမ်တွင် အဝင်အထွက်များမည်။
ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် ပိန်းပန်းငါးပွင့် ဘုရား လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး
ရန်များမည်။ မနာလိုသူပေါမည်။ စိတ်ပင်ပန်း၊ လူပင် ပန်းဖြစ်မည်။ လူယုံဒုက္ခပေးမည်။ ထိုနေ့များတွင် ငွေကြေးများစွာမြှုပ်နှံခြင်းမပြုရ။ ရောင်းမှား၊ဝယ်မှား ဖြစ်တတ်သည်။ စတင်ဆောင်ရွက်လိုက်သည့်ကိစ္စ များတွင် လိုရာမရောက်ဖြစ်မည်။ စိတ်အနှောင့် အယှက်ကြားမှ ထူးထူးခြားခြားကောင်းခြင်းဖြစ်ပေါ် မည်။ ရန်ကြားမှ တိုးတက်မည်။ သူတစ်ပါးအပေါ် စိတ်ကောင်း၊ စေတနာကောင်းထားခြင်း၏ အကျိုး ဆက်ကောင်းရမည်။
ယတြာ ။ ။ မွေးနေ့တွင် သစ်သီးဆွမ်းကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
ပြဿနာများမည်။ လူယုံဒုက္ခပေးမည်။ သူများ ပြဿနာ ကိုယ့်ပြဿနာဖြစ်တတ်သည်။ အိမ်တွင်းရေး လူမှုရေး အညံ့ရှိသည်။ သူတစ်ပါးကြောင့် မိမိအကြံပျက်တတ် သည်။ စိတ်ကူးများ အလွဲလွဲအချော်ချော်ဖြစ်နေမည်။ စာရွက်စာတမ်းကိစ္စ၊ ငွေကြေးကိစ္စများသတိနှင့် ဆောင် ရွက်ပါ။ လှည့်ဖျားသူများ၏ မာယာထောင်ချောက်တွင် သက်ဆင်းရကိန်းကြုံမည်။ စာနာမှု၊ ရိုးသားမှုအပေါ် တွင် ဒုက္ခပေးသူပေါ်မည်။
ယတြာ ။ ။ မွေးနေ့တွင် ဒန်းညွန့် ၇ ညွန့် ဘုရား လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ
အလွန်သတိရှိရမည်။ ခိုက်ရန်ဖြစ်ပွားခြင်းကြုံတတ် သည်။ ရန်ပွဲများဝင်ရောက်ဖျန်ဖြေခြင်း၊ ဘေးမှရပ် ကြည့်ခြင်း လုံးဝမပြုသင့်။ လမ်းကူးလမ်းဖြတ်အထူး သတိရှိပါ။ မိမိကိုယ်မိမိ ယုံကြည်လွန်ကဲ၍ အသေးစား ပြဿနာများမှ ကြီးမားသောပြဿနာများ ဖြစ်ပေါ်တတ် သည်။ တတ်နိုင်သမျှ အမှားအယွင်းနည်းအောင်နေပါ။ ဓာတ်လိုက်တတ်သည်။ လှေကားအဆင်း သတိရှိရ မည်။
ယတြာ ။ ။ မွေးနေ့တွင် ထီးအဟောင်းများ ရှာဖွေ စွန့်ပစ်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္ဂနွေ
မိတ်ဆွေအကူညီဖြင့် အောင်မြင်မှုများရရှိမည်။ အရာရာ သိုသိုသိပ်သိပ် လျှို့ဝှက်စွာလုပ်ပါ။ အလုပ်မပြီးမီ ကြော်ငြာထုတ်ခြင်း၊ြ<ွကားဝါခြင်းမပြုသင့်။ သိုဝှက်စွာ လုပ်လေ တိုးတက်လေဖြစ်ပြီး လူသိအောင်လုပ်လေ အနှောင့်အယှက်များလေဖြစ်မည်။ မပြီးမြောက်မီ ပပ လွှားလွှားပြုမိက လိုရာပန်းတိုင်မရောက်။ အံချော် သွားတတ်သည်။လုပ်သမျှ အောင်မြင်၍ ကြုံတွေ့သမျှ အခက်အခဲများကို ထိုးဖောက်ကျော်လွှားနိုင်မည်။
ယတြာ ။ ။ မွေးနေ့တွင် ကံ့ကော် ၁၁ ညွန့် ဘုရားလှူပါ။

No comments:

Post a Comment

မင်္ဂလာပါ...ဓမ္မပူဇာ မိသားစု မှ ကြိုဆိုပါတယ်...